Monday 12 September 2011

တာဝန်မဲ့သော ကြံ့ဖွတ်အစိုးရအား ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်မူအတွက် အပြင်းအထန် ဝေဖန်ရှူပ်ချလိုက်ခြင်း

တာဝန်မဲ့သော ကြံ့ဖွတ်အစိုးရအား ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်မူအတွက် အပြင်းအထန် ဝေဖန်ရှူပ်ချလိုက်ခြင်း

နေ့စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၂ ရက်)

ကျွန်ပ်တို့ Burma Democratic Concern (BDC) အဖွဲ့ကြီးမှ ကြံ့ဖွတ် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၏ တာဝန်မဲ့သော စကားဖြစ်သည့် မြစ်ဆုံဆည် တည်ဆောက်မူကို ရပ်တန့်ရန်အစီအစဉ်မရှိပဲ၊ အများပြည်သူလူထုမှ ဆန့်ကျင်နေသည့်ကြားက လက်ရှိကြံ့ဖွတ်အစိုးရသည် မြစ်ဆုံဆည်ကို ပြီးစီးအောင်ဆက်လက်တည်ဆောက်သွားမည်ဟူသော စကားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှူပ်ချလိုက်သည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူပြည်သားများသည် မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်နှင့် မြန်မာပြည်၏ အနာဂတ်အား ဆိုးကျိုးများဖြစ်ပေါ်စေသော ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားကြပါသည်။ လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World Limitedသည် ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ခြင်းအတွက် လက်ရှိကန်ထရိုက်ရရှိထားပါသည်။ ထို့အပြင် ထွန်းမြင့်နိုင်သည် ၎င်း၏ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း၏ အမည်ဖြင့် အခြာကုမ္ပဏီ၁၀ခု ကိုလည်းပိုင်ဆိုင်ထားပါသေးသည်။

မြစ်ဆုံဆည်သည် မေခမြစ် နှင့် မလိခမြစ် ဆုံရာ ၂မိုင်အကွာတွင် တည်ရှိပြီး ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့မှ ၂၄မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၎င်းဆည်သည် အလျှားအားဖြင့် ၄၉၉ပေ၊ အမြင့်အားဖြင့် ၄၉၉ပေရှိပြီး အထပ်၅၀စာရှိသော အဆောက်အဦးအမြင့်နဲ့ ညီမျှသည်။ ရေကာတာ၏ မျက်နှာပြင်ဧရိယာမှာ ၂၉၅.၈ စကွဲယားမိုင်ရှိပြီး Newyork မြို့၏ အရွယ်အစားနီးပါးခန့်ရှိပါသည်။ ထိုရေကာတာ၏ အမြင့်ဆုံးရေအနက်မှာ ပေ၉၅၀ခန့်ရှိပြီး ၆၆ထပ်ရှိသော အဆောက်အဦးအမြင့်နဲ့ညီမျှပါသည်။ ထို မြစ်ဆုံဆည် တည်ဆောက်၍ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရှိမည်ဟုခန့်မှန်းကြပါသည်။ စုစုပေါင်း ဆည်၇ခု နှင့် လျှပ်စစ်ဓတ်အားထုတ်လုပ်မည့် ပရော့ဂျက် ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံ ကုန်ကျမည်ဖြစ်ပါသည်။

ဤ မြစ်ဆုံဆည် တည်ဆောက်ရေး ပရော့ဂျက်ကြီး တစ်ခုလုံး၏ တရုတ်ဘက်မှ အဓိက ကန်ထရိုက်မှာ China gezhou-ba group corporation (CCGC) ဖြစ်ပြီး မြန်မာဘက်မှ Asia World Company ဖြစ်ပါသည်။ လော်စစ်ဟန်၏ စီးပွားရေး အင်ပိုင်ယာမှာ ဘိန်းကုန်ကူးခြင်းဖြင့် ချမ်းသာလာသည်ဟု ယုံကြည်ကြပါသည်။ ၎င်းသည် ၁၉၆၀ဝန်းကျင်က ကိုးကန့်ဒေသ မြောက်ပိုင်း၌ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၎င်း၏မြောက်များလှစွာသော Network များဖြင့် ထိုင်းမှတစ်ဆင့် ဘိန်းကုန်ကူးမူကြောင့် အမေရိကန်အစိုးရမှ ၎င်းအား ဘိန်းဘုရင်အဖြစ် ၁၉၇၀၌ သတ်မှတ်ခေါ်ဆိုခဲ့သည်။ ၁၉၉၄ခုနှစ်၌ ၎င်းအဖွဲ့သည် အရှေ့တောင်အာရှ၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဘိန်းကုန်ကူးအဖွဲ့ အဖြစ် ယုံကြည်ကြသည်။ Asia World Company၏ အခွဲဖြစ်သော Golden aaron Companyသည် တရုတ်ပြည်နဲ့ ဆက်စပ်လျှက်ရှိသည်။

ထွန်းမြင့်နိုင်သည် Golden aaron Company၏ မန်းနေးဂျင်း ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ၎င်းCompanyသည် တရုတ်ပြည်၏ China National Offshore Oil Corporation (CCOOC) Companyနဲ့ ဆက်စပ်လျှက်ရှိသည်။ လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နှစ်ဦးစလုံးကို ဘိန်းကုန်ကူးမူကြောင့် ၁၉၉၆ခုနှစ် ကတည်းက အမေရိကန်အစိုးရမှ ဗီဇာမပေးပဲ Black List သွင်းထားခဲ့သည်။ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့ နှစ်ဦးစလုံးကို အမေရိကန်စီးပွားရေးဌာနမှ စီးပွားပိတ်ဆို့သော နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ Asia World Company Limited၊ Asia World Industry Limited၊ Asia World Light Limited တို့အားလုံးသည် စစ်အစိုးရနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ငွေကြေးဆက်နွယ်မူရှိကြောင်း ထင်ရှားပေါ်လွင်ခဲ့သည်။ Asia World Company Limited သည်မြန်မာပြည်၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး စက်မူလက်မူ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထုတ်ကုန်သွင်းကုန် နှင့် စူပါမားကက်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး၊ ကချင်ပြည်နယ်ရှိ ရွှေတွင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။ ထွန်းမြင့်နိုင်သည် မြန်မာ national league ၌ ဘောလုံးကစားသော မကွေးယူနိုက်တက် ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

ဧရာဝတီမြစ်ကို ကယ်တင်ခြင်းသည် မြန်မာပြည်ကိုကယ်တင်ခြင်းဖြစ်ပြီး၊ ထိုသို့ကယ်တင်ရန်မှာ ကမ္ဘာပေါ်ရှိလူသားအားလုံး၏ တာဝန်ဖြစ်သည်။ ကျွန်ပ်တို့အနေဖြင့် တရုတ်ပြည်၏ China Gezhou-ba Group Corporation (CCGC) နှင့် China National Offshore Oil Corporation (CNOOC) တို့အား မြန်မာပြည်မှ ဘိန်းရာဇာများ နှင့် အဆက်အသွယ်မလုပ်ရန်တောင်းဆိုလိုက်သည်။


ကျွန်ပ်တို့Burma Democratic Concern (BDC) အဖွဲ့ကြီးအနေဖြင့် မြန်မာပြည်သူပြည်သားများအားလုံး နှင့် တရားမျှတမူကို မြတ်နိုးသော ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင်၊ ထွန်းမြင့်နိုင်၏ ဇနီး စင်ကာပူလူမျိုး စစ်စလီယာအန်း တို့ပိုင်ဆိုင်သော
Asia World Company Limited၊ Golden aaron Company နှင့် မကွေးယူနိုက်တက် ဘောလုံးအသင်းတို့အားလုံးကိုသပိတ်မှောက်ရန်တောင်းဆိုလိုက်ပါသည်။ ၎င်းတို့အားလုံးသည် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်အောင်လုပ်ဆောင်မူနှင့် မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးအောင်လုပ်ဆောင်မူတို့တွင် တာဝန်ရှိပါသည်။

ထို့အပြင် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့အား မြန်မာပြည်၏ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်သာမက တကမ္ဘာလုံးအား ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မူ အပေါ် မစ္စတာ ဘန်ကီးမွန်း အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များမှ ဝိုင်းဝန်းပါဝင်တားဆီးပေးပါရန် တောင်းဆိုလိုက်ပါသည်။

ကျွန်ပ်တို့၏ ကြွေးကြော်သံမှာ
(၁) Asia World Company Limited နဲ့ အဆက်အဆံမလုပ်ရေး
(၂) လော်စစ်ဟန်နှင့် ၎င်း၏သား Steven Law (ခေါ်) ထွန်းမြင့်နိုင် နဲ့ အဆက်အဆံမလုပ်ရေး
(၃) မကွေးယူနိုက်တက် ဘောလုံးအသင်းအား အားမပေးရေးတို့ ဖြစ်ကြပါသည်။


U Myo Thein [United Kingdom]
Phone: 00-44-208-493-9137, 00-44-787- 788-2386

U Khin Maung Win [United States]
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Phone: 001 509-783-7223

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-8459

http://www.youtube.com/watch?v=kVtmTJSeQa4

http://www.youtube.com/watch?v=DZTezEZgBcU

http://www.youtube.com/watch?v=-7qBICyRc64

No comments:

Post a Comment